Quantcast
Channel: venuscurves
Viewing all articles
Browse latest Browse all 3258

Miss Globe Myanmar 2014 _ Hla Yin Kyay

$
0
0


"Miss Globe Myanmar 2014 နှင့် ၎င်း၏ organization အား ဝေဖန်ရှုတ်ချခြင်း"

Miss Globe Myanmar 2014 ပွဲ အား ကရိတ်ဝိတ်နန်းတော် ၌4.3.2014 နေ့လည် ၁၂ နာရီအချိန်၌ပြိုင်ပွဲကျင်းပကာ Miss Globe Myanmar 2014 အလှမယ် ဂျူးစံသာ (ယခင်)နှင့်အတူ အိမွန်ခိုင် 1 runner up (ယခု Miss Golden Land Myanmar 2014 finalist) ,မေဇင်မာကို 2nd runner up up ဆုများအပါအဝင်အခြားသော Tital ဆုများအားပေးအပ်ချီးမြင့်ခဲ့သည်မှာ စာနယ်ဇင်းဆရာများနှင့် ပရိတ်သတ်များသိရှိပြီးဖြစ်မှာပါ ထိုပြိုင်ပွဲ အတွက် Talents ပြိုင်ပွဲနှင့်တကွတခြားသောပြိုင်ပွဲငယ်များ Trainning များ ဖြင့်အဆင့်ဆင့် ယှဉ်ပြိုင်ပြီးမှ ပြိုင်ပွဲပြုလုပ်၍ ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။ ဒိုင်လူကြီး မင်းများအဖြစ်

၁) ကိုဟန်ဇော်လတ်
၂) Hy Ryeong
၃) ရီဝေယံ
၎) Pawee Ventura
၅) ဒေါ်ဥမ္မာကျော်ထွန်း
၆) အောင်သူရ
၇) အဲလစ်
၈) Rolando Quinones
၉) ကိုဝေယံအောင်
တို့မှအမှတ်ပေးရွေးချယ်ခဲ့ သည်။ ယခုအခါ Miss Globe Myanmar 2014 (ယခင်) အား အကြောင်းအမျိုးမျိုးကြောင့် Miss Globe Myanmar အဖြစ်မှ ရပ်စဲခဲ့ သည်ဟု ကြားသိရပါသည် ။ ထိုအခါ Miss Globe Myanmar 2014 တာဝန်အား 1st runner up ဆုရှင် အိမွန်ခိုင်အား လွှဲအပ်သင့်သည် 1st runner up ဆုရှင် အိမွန်ခိုင် မှ ထမ်းဆောင်နိုင်ခြင်းမရှိလျှင် 2nd runner up ဆုရှင် မေဇင်မာကိုအား ဆက်လက်လွှဲပြောင်းပေးသင့်သည်။ ထိုသို့ လွှဲပြောင်းပေးမှသာ တရားဝင်Miss တစ်ယောက်အဖြစ် အသိအမှတ်ပြု အားပေးလက်ခံနိုင်ပါသည် ။ သို့သော်ယခုအခါ၌ Miss Globe Myanmar 2014 အဖြစ် မည်သည်ကမှန်းမသိ ပြိုင်ပွဲလဲ မဝင်ထားသောအမျိုးသမီး တစ်ဦးအား Miss Globe Myanmar 2014 ပါ ဟုပရိတ်သတ်အား ချပြဖော်ထုတ်ခြင်းသည် မြန်မာ့ အလှမယ်များအားယုံ ကြည်စွာ အားပေးသော ပရိတ်သတ်နှင့် နိုင်ငံတကာမှ စိတ်ဝင်စားစွာ မြန်မာအလှမယ်လေးများအား အားပေးနေသော ပရိတ်သတ်များအား လိမ်လည် နေသကဲ့သိုထင်ဟက်စေသည် ။ မိမိ အကျိုးစီးပွားအတွက် အလှမယ်များအား လူကုန်ကူးနေသယောင် တစ်ပါးသူသားသမီးအား ခိုင်းနွားပြု အမြတ်ထုတ်လိုသောရည်ရွယ်ချက်မျိုးပေါ်လွင်ထင်ရှားနေသည်။ ဤကဲ့သို့သော သူမျိုးမှာ အဘယ်ကဲ့သို့ National Director ဟူသောဂုဏ်ပုဒ် နှင့်ကိုက်ညီပါမည်လဲ ။ စီးပွားရေးအမြတ်ထုတ်လိုလျှင်အပြင်စီးပွားရေး လုပ်ပါ အမိနိုင်ငံကိုတစ်ဖက်တစ်လမ်းကအကျိုးပြုရင်း ဝင်ငွေရှိမှုကိုရိုးသားစွာ အသုံးချစေချင်ပါသည် ။ Miss Globe Myanmar 2014 Jue San Thar(ယခင်)အား Miss Globe Myanmar အဖြစ်မှတာဝရပ်စဲခြင်းအား စာနယ်ဇင်းမီဒီယာ ဆရာဆရာမ မျာအား ခေါ်ယူ၍တရားဝင် ရုတ်သိမ်းခြင်းကြေငြာမှုအားလဲ မတွေ့ရှိရပါ။ ယခု Miss Globe Myanmar 2014 ဟု တင်မြောက်ထားသောအမျိုးသမီး မှာ လဲ Miss Globe Myanmar ပြိုင်ပွဲနှင့်မည်သို့မျှမသတ်ဆိုင်သူအဖြစ် ယူဆပါသည် ။ယခင် ကတည်းက National Director စိတ်တိုင်ကျလွှတ်ပိုင်ခွင့်ရှိပါတယ် ပွဲလုပ်မနေပဲ ရွေးချယ်လွှတ်ပေးခဲ့လျှင်ယခုလိုမျိုးပြောစရာမလိုပါ ။ ယခုက ပွဲကျင်းပရွေးချယ်ထားသည့်အတွက် ပြိုင်ပွဲနှင့် သက်ဆိုင်သူများကိုသာစေလွှတ်သင့်သည်ဟုထင်မိပါသည် ။ နိုင်ငံတကာအလယ်မှာ ဆုရ ရမရ ရနိုင်ငံ့ဂုဏ်ဆောင်ဆောင် မဆောင်ဆောင် မြန်မာနိုင်မှာ နာမည်ကြီးလို့ လုပ်စားလို့ ရရင်ပြီးရောဆို ပြီး စိတ်ထားနေသည် ဟု ထင်မြင်ရလောက်သည့်ပုံစံမျိုးဖြစ်နေပါသည် ။ယခု Miss Globe Myanmar 2014 ဟု တင်မြောက်ထားသောအမျိုးသမီးအားလဲ မည်သို့မှမသက်ဆိုင်သည့်အတွက် Miss Globe Myanmar ဟု လက်မခံပါ မည်မျှပင် National Director နဲ့ စာချုပ်ချုပ်ဆိုထားပါစေအုံး မြန်မာနိုင်ငံသား တစ်ယောက်အနေဖြစ် လုံးဝလက်မခံပါ ပြန်လည်သုံးသပ်ပေးပါ National Director။ ထိုသို့စည်းကမ်းမညီညွတ်မှုများအတွက်လဲ Miss Globe Myanmar organization နနှင် ၎င်းတို့ လက်ရှိတင်မြှောက်ထားသော အမျိုးသမီး တို့ အား မြန်မာ နိုင်ငံသား တစ်ဦးအနေဖြင့်အပြင်းအထန်ဝေဖန်ရှုတ်ချပါသည် ။
"Miss များအားအရည်အချင်းပြည့်မှီစေလိုသည်"
"Crown ဆိုတာက လွယ်လွယ်စွတ် လွယ်လွယ်ချွတ်လို့ရပေမဲ့ Miss တစ်ယောက်ရဲ့ အရည်အချင်းတွေ တာဝန် ဝတ္တရားတွေက မည်သို့မှ လွယ်လွယ် ဖြစ်တည်လာသောအရာများမဟုတ် "

ရတု
YaTu
မြန်မာ စံတော်ချိန် 4:46 AM
https://www.facebook.com/htet.lin.737?fref=ts

Viewing all articles
Browse latest Browse all 3258

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>