Quantcast
Channel: venuscurves
Viewing all articles
Browse latest Browse all 3258

၂၀၁၄မယ်စင်္ကြာဝဠာမြန်မာ သျှားထွဋ်အိန္ဒြာ သို့ ပေးစာတစ်စောင်

$
0
0

သို့ 
ညီမငယ် သျှားထွဋ်အိန္ဒြာ

၂၀၁၄ ဂျူလိုင် ၂၆ ရက်နေ့  ညနေခင်းတစ်ခုမှာ ညီမဘဝရဲ့ ကြီးကျယ်သော အချိုးအကွေ့ တစ်ခုနဲ့အတူ ပုခုံးပေါ်ကို ဂုဏ်သိက္ခာကြီးမားသော ထိရှလွယ်သော ခက်ခဲနက်နဲသော သိမ်မွှေ့ ငြင်သာသော ဂုဏ်ယူစရာ တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ဖို့ တာဝန်အပ်နှင်းခြင်းခံရပါတယ်။
မိန်းမငယ်တစ်ယောက်ကို သရဖူတစ်ခုနဲ့ စလွယ်တစ်ခုပေးလိုက်တာက အဲ့လောက်ကြီးကျယ်လို့ လားဆိုတော့????

ညီမငယ်ဟာ နှစ်စဉ် ကမ္ဘာလူ့ သားသန်းပေါင်းများစွာက လနဲ့ချီပြီး စောင့်ကြည့်နေတဲ့ Miss Universe ဆိုတဲ့ပြိုင်ပွဲကြီးမှာ MYANMAR ဆိုတဲ့ စလွယ်ဖြူ တစ်ခုကို လွယ်ပြီး ကမ္ဘာနိုင်ငံအရပ်ရပ်မှ လာရောက်စုဝေးကြမဲ့ ရာချီတဲ့ အရောင်အသွေးမျိုးစုံ မိန်းမငယ်တွေနဲ့ ရင်ပေါင်တန်းပြီး တစ်လနီးပါး ကမ္ဘာ့ မျက်နှာစာ တစ်ခုမှာ လှုပ်ရှားသွားလာ ရမှာဖြစ်ပါတယ်
ဒီပွဲကြီးကို စောင့်ကြည့်လေ့လာနေကြတဲ့ လူတွေအားလုံးရဲ့ အမြင် အတွေးမှာ ညီမဟာ ညီမမဟုတ်ပါဘူး
ညီမနာမည်ဟာ သျှားထွဋ်အိန္ဒြာ မဟုတ်တော့ပါဘူး MYANMAR. ဖြစ်သွားပါပြီး ။ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း ပြောလိုက်တဲ့ နှုတ်ထွက်စကားတိုင်း ပြုမူလှုပ်ရှားလိုက်တဲ့ ဟန်အမူအရာတိုင်းအပြင် ပွဲစဉ်တစ်လျှောက် ဖြစ်ပေါ်ကြံဆောင်လိုက်တဲ့ စိတ်တိုင်းဟာ မြန်မာဆိုတာက ကိုယ်စားပြုပါတယ်
မြန်မာလူထု မြန်မာအမျိုးသမီးထုကို
ကိုယ်စားပြုပါတယ်။

အဲ့ဒီလို ကိုယ်စားပြုနိုင်ဖို့  ညီမ ပထမဆုံး ရင်ဆိုင်ရမှာက မြန်မာနိုင်ငံရဲ့ မိဘပြည်သူ ပရိတ်သတ်ပါ ။
အကြောင်းအရင်းအမျိုးမျိုးကြောင့် ညီမကို အားပေးချစ်ခင်တဲ့သူရှိသလို ရှုံ့ ချမုန်းတီးတဲ့ သူဆိုတာလည်း လောကသီအိုရီအရ ရှိကိုရှိမှာပါဘဲ။
ဘယ်လိုလူဘဲဖြစ်ဖြစ် ချစ်ခင်အားပေးတဲ့သူကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုမို့  အားပေးတာလို့ မှတ်သလို ရှုံ့ ချတဲ့သူတွေကိုလည်း သူတို့ အတွေးထဲမှာ မြန်မာကိုယ်စားပြုကို ပိုကောင်းစေချင်လို့ ရှုံ့ ချနေကြတယ်လို့ မှတ်ပါ။
အလကားသက်သက်အပုတ်ချတဲ့ သဏ္ဌာန်ရှိသူတွေကိုတော့ အပြုံး ဥပေက္ခာဖြင့်သာ ရင်ဆိုင်ပါ ညီမငယ်။
အားပေးချစ်ခင်သူတွေတိုးအောင်ရိုးသားစွာနဲ့ ကြိုးစားပါညီမငယ်
မီဒီယာသမားတွေရဲ့ ကျည်ဆံနဲ့ တူတဲ့မေးခွန်းတွေကို လိမ္မာပါးနပ်စွာ ရှောင်ရှားဖြေဆိုပါ ။ပုဂ္ဂိုလ်ရေး နိုင်ငံရေး လူမျိုးရေး ဘာသာရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေအတွက် အယဉ်ကျေးဆုံးနဲ့ ဝိနည်း အလွတ်ဆုံးဖြစ်အောင် ဖြေနိုင်ဖို့ ကြိုတင်ဖြေရှင်းထားပါ။ အဖြေထွက်ပေါက်မရှိရင် ဘာမှမဖြေပါနဲ့ ။
လူအများစု မျက်စိစပါးမွှေး စူးစေတဲ့ ခရိုနီ ခရိုပြာ ခရိုဝါ များနဲ့ ကြုံတွေ့ ရမဲ့ ကိစ္စများ မှန်သမျှ တာဝန်ယူထားတဲ့ organization. မိဘမောင်ဘွားတို့ရဲ့ ခြံရံရိပ်မိုးမှုတို့ နဲ့ ပါးနပ်စွာနဲ့ လုပ်ကိုင်ဆောင်ရွက်ပါ ။
ပရဟိတနဲ့ ဘာသာရေးကို စိတ်အားတက်ကြွစွာနဲ့ အလေးထားဆောင်ရွက်ပါညီမငယ်။
Boyfriend ရှိခဲ့ရင် ယောင်ပြီးတော့တောင် နည်းနည်းလေးဖြစ်ဖြစ် social မကျမိလိုက်စေပါနဲ့ ။

လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်ညီမငယ်။ ယှဉ်ပြိုင်ရမဲ့ နိုင်ငံတကာ အလှမယ်တွေဟာ သူတို့ ရဲ့ အတွေ့အကြုံရင့်ကျက်မှုတွေရှိပြီး နှစ်ပေါင်း ၅၀ ကျော်နီးပါးရှေ့ရောက်နေတာမို့  နှစ်နဲ့ ချီပြီးလိုအပ်တဲ့ ထရိန်နင်ပေါင်းများစွာနဲ့ ပွဲတက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ညီမအနေနဲ့ ပြိုင်ပွဲအတွေ့အကြုံနှစ် ၅၀ ကျော်လောက်နောက်ကျနေတဲ့ အနေအထားတစ်ခုမှာ ယှဉ်ပြိုင်ရမှာပါ။
ဒါပေမဲ့ ညီမဟာ မြန်မာ မိန်းကလေး တစ်ယောက်ဖြစ်တယ် ။ ယုံကြည်ပါတယ်ညီမငယ်
ဒီတစ်ချက်နဲ့တင် ညီမဟာ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။

ညီမမှာ မြန်မာမိန်းကလေးမို့  သိမ်မွေ့ဖြူစင်တဲ့ စိတ်၊ အသားအရည် အလှပဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမိမြေကပေးထားတဲ့ Skin, နှစ်လိုဖွယ်တောက်ကြွားတဲ့အပြုံး၊
ဒါတွေက ညီမရဲ့အားသာချက်တွေပါ။
စနစ်ကျတဲ့ exercises တွေကို ကြိုးစားလုပ်ပါ ညီမငယ် ။ ခါးနဲ့ တင် ရင် အကျနေရာတွေ လိုအပ်ချက်တွေ ရှိနေသေးပေးမယ့် ရရှိတဲ့အချိန်က ညီမအတွက် ဝီရိယ ထပ်စွက်လိုက်ရင် လုံလောက်မှာပါ။ နိုင်ငံခြားမှာ ထရိန်နင်တွေရှိခဲ့ ရင် နေရာကို လိုက်ပြီးလမ်းလျှောက်ဟန် ပိုစ့်ပေးဟန်တွေကို ဂရုပြုပြီး အားစိုက် သင်ကြားပါအုံးညီမငယ်။ ပြိုင်ပွဲမှာ တခြားသူတွေနဲ့ ယှဉ်ရင် အရပ်နည်းနည်းပိုပုနေတဲ့ အထဲမှာ ပါနေမှာမို့  ဒီအားနည်းချက်ကို ဘယ်လို ကိုယ်ဟန်တွေနဲ့  ဖြည့်စွက်မလည်းဆိုတာ အဖြေရှာလေ့ကျင့်ပါ။

အများတကာနဲ့ ဆက်ဆံတဲ့ နေရာမှာ အဆင်ပြေဖို့ ကတော့ ထွေထူးလိုမယ် မထင်ပါဘူး ။ language ပိုင်းကို ပိုမိုကောင်းမွန်အောင်လုပ်ပြီး တခြားနိုင်ငံတွေရဲ့ အကျင့်စရိုက် ဓလေ့ထုံးစံ အပါအဝင် မြန်မာ့ရေးရာ ကမ္ဘာ့ရေးရာ ဗဟုသုတတွေ အပြည့်ဖြည့်သွားရင်တော့ လူတွေနဲ့ တွေ့ရင် ညီမဟာ စကားပြောချင်စရာ ဆွေးနွေးတိုင်ပင်ချင်စရာ ခင်မင်နှစ်လိုဖွယ် မိန်းကလေး ဖြစ်နေမှာပေါ့။ အမှတ်တရလက်ဆောင်သေးသေးကွေးကွေးလေးတွေ ပြင်ဆင်သွားတာကလည်း လက်ဆောင်ကြိုက်တတ်တဲ့
လူတွေရဲ့ စိတ်ကို ဖြည့်ဆည်းပေးရာရောက်မှာပါ။

အဝတ်အစား အသုံးအဆောင် ဖိနပ် ဖန်စီပစ္စည်း မှန်သမျှကို ဟိုမှာသွားလာနေထိုင်ရမဲ့ Schedule ကိုကြည့်ပြီး set လိုက်ကြိုတင်ပြင်ဆင်သွားပါညီမငယ်။ ကိုယ်တိုင်ပြင်ဆင်ပါ၊ သူများတကာ ပြင်ဆင်ထားပေးတာကို ကောက်ဆွဲသွားပြီး USA. လည်းရောက်ရော ဘယ်အိတ်က စဖွင့်ရမလည်း မသိဖြစ်နေတတ်ပါတယ်။
ဘယ်ပွဲ ဘယ်နေ့  ဘယ်သွားရင် ဘာဝတ်မလည်း ဆိုတာ on paper. list လုပ်ကို လုပ်သွားရမှာပါ။
USA မှာ အိပ်ချိန် စားချိန် နည်းနည်းနဲ့ ဇယ်ဆက်သလိုသွားလာလှုပ်ရှားနေရမှာု သွားလာလှုပ်ရှားနေရမှာညီမငယ်
ကြုံတွေ့ လာနိုင်တဲ့ အခက်အခဲ မိမိရဲ့ ရှိတတ်တဲ့ အားနည်းချက်တွေကို ချိန်ထိုးပြီးတော့ ကြိုတင်ပြင်ဆက်သွားရင်တော့ စိတ်သိပ်မမောရတော့ဘူးပေါ့။ ဟိုမှာ ကြို မမြင်တဲ့ အခက်အခဲတွေအတွက် စိတ်မောစရာတွေရှိအုံးမှာလေ

သေချာတာကတော့ မြန်မာလူမျိုးတွေကတော့ အားတတ်သရော အားပေးနေကြမှာပါညီမငယ်။ ဒါပေမယ့် ဒီပြိုင်ပွဲစင်မြင့်မှ သရဖူ ဆောင်းနိုင်ဖို့  Top list တွေမှာ ပါဝင်နိုင်ဖို့ ဆိုတာက မြန်မာအတွက်ရာနှုန်း တော်တော်နည်းပါသေးတယ်။ ခုချိန်မျှော်မှန်းတာ သရဖူ မဟုတ်ပါဘူး။
ပွဲစဉ်တစ်ယောက် မြန်မာမလေး ဘယ်လို ထင်ရှားနေမယ် ဘယ်လိုတက်ကြွရွှင်လန်းနေမယ် နိုင်ငံတကာရဲ့ အမြင်မှာ MYANMAR ဆိုတဲ့စလွယ်ကို ဘယ်လို ဂရုတစိုက် မြင်တွေ့ သွားကြမယ် စတာတွေကို အားဖြည့်ထားတဲ့ ညီမရဲ့ နဂိုရှိရင်းစွဲအလှနဲ့ အတူ သွားလာလှုပ်ရှားကိုယ်စားပြုနိုင်ဖို့ ပါဘဲ။
စင်မြင့်ပေါ်မှာတော့ကိုယ့်ကြိုးစားမှုနဲ့အတူ့ ဒိုင်တွေသက်မှတ်ချက် အမှတ်ပေးပုံစံတွေနဲ့  အံဝင်သွားရင်တော့အဆင်ပြေမှာပေါ့

ကမ္ဘာ့အနေနဲ့ကြည့်ရင် မြန်မာဆိုတာ အလွန်သေးနုတ်တဲ့ နိုင်ငံတစ်ခုပါ ညီမငယ်။ အိမ်နီးချင်း ထိုင်း မလေး ဖိလစ်ပင်း စတာတွေကိုဘဲ လူသိကြတာ မြန်မာဆိုတာကို မသိတဲ့ သူတွေအများကြီးပါ။ အဲ့တော့ ကမ္ဘာပေါ်မှာ အခုလို ရဲရင့်တက်ကြွပြီး မြင့်မားတဲ့ စိတ်ဓာတ်အင်အား နဲ့ ချစ်ခင်နှစ်လိုဖွယ် ကောင်းစွာ ကိုယ်စားပြုနိုင်သော သူတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံ ကမ္ဘာပေါ်မှာ ရှိသေးတယ်ဆိုတာ ကိုကိုယ်စားပြုဖော်ပြခဲ့ရမှာပါ။်
အောင်မြင်ပါစေညီမငယ်။
၂၀၁၄ ခုနှစ်အတွက် ညီမဟာ မြန်မာကိုယ်စားပြု လူသိထင်ရှား သံတမန် တစ်ယောက်ပါ။

ရှိုင်းဆီဇာ
28.7.2014 (5:26 pm)

https://www.facebook.com/photo.php?fbid=669414043149893&set=a.419918774766089.96297.100002439090577&type=1

Viewing all articles
Browse latest Browse all 3258

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>